Our Clients' Honest Reviews
May WathoneOo
Fast Service ဆိုတဲ့အတိုင်း ...
ပွဲနေ့ညမှာတင် ညီမတို့အဓိကပုံတွေရပါတယ်..
နောက်တစ်ရက်ပဲကြာတယ် ... ပုံ ၂၀၀ ကျော်ထွက်လာပါလေရော...
သုံးထားတဲ့ကာလာ..
ရိုက်ထားတဲ့သေသပ်မှုတွေက
တစ်ပုံတစ်လေတောင်ပြစ်ချက်မပါပဲ ..
ပုံရွေးကူးဖို့ ပြန်ရွေးတဲ့အခါမှာတောင် ညီမ မရွေးတတ်တော့လို့ . ညီမ ပုံ ၂၀၀ ကျော်လုံး ကူးပြစ်လိုက်တယ် ( မကူးပဲမနေနိုင်အောင် ဖယ်ပြစ်စရာပုံမရှိ )
တကယ်ကို စိတ်ရင်းစေတနာအပြည့်နဲ့
ဖြည့်ဆည်းရိုက်ကူးပေးတဲ့ အစ်ကိုကောင်းဆက်နှင့်အဖွဲ့သားတွေကို ကျေးဇူးတင်လို့မဆုံးပါဘူး ...
ပထမဆုံးအကြိမ် ဘဝအမှတ်တရအတွက်
တကယ်ကိုရွှေရောင်အမှတ်တရတွေထင်ကျန်စေတဲ့ KS Photography ကို တစ်သက်တာလုံး အမှတ်ရနေမှာပါ အစ်ကိုတို့ရေ
Yang Xiang Xiang
မင်္ဂလာပွဲတစ်ပွဲမှာ Photo & Video ကလည်း အရမ်းအရေးကြီးတဲ့အပိုင်းပါပဲ၊ တစ်သက်လုံးသိမ်းထားလို့ရတဲ့ အမှတ်တရတွေအတွက် ပြန်ကြည့်လိုက်တိုင်းစိတ်ချမ်းသာနေဖို့က ပိုအရေးကြီးပါတယ်။
အကိုကအရမ်းစိတ်ရှည်ပြီး သတို့သားသတို့သမီးရဲ့ အရိပ်အကဲကိုသိတဲ့ proတစ်ယောက်ပါ။ ပုံလေးတွေရလာတော့လည်း ကြည့်ပီး အရမ်းစိတ်ချမ်းသာရပါတယ် ပုံလှလှလေးတွေအတွက်ကျေးဇူးတင်ပါတယ်ရှင့်
Myatpwintyee Kyaw
ပုံလေးတွေလှတဲ့အပြင် မနက်ရိုက် ညဆို Retouched photo တွေအကုန်ရ သဘောပါကောင်းလို့ MMWT မှာနာမည်ကြီးပြီးသားအကိုပါ
အပြင်မှာလဲတကယ်ကြီးကို သဘောကောင်းတာပါ။ တရားရုံးစာရေးနဲ့ကြိုချိတ်ထားပြီး အဆင်မပြေတာလေးတွေရှိလို့ အကိုကပဲ registerလုပ်ရမယ့်နေရာ နဲ့ လုပ်ရမယ့် step တွေပြောပြပေးပြီး အဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ်။ pose မပေးတတ်တဲ့၂ယောက်ကိုစိတ်ရှည်ရှည်နဲ့ သင်ပေးပြီးပုံလှလှလေးတွေရိုက်ပေးလို့လဲအရမ်းသဘောကျမိတယ်။ Humble and friendly ဖြစ်တဲ့အကို့ကြောင့် ဓာတ်ပုံရိုက်ရတာ အရမ်းကို convenient ဖြစ်ခဲ့ရပါတယ်။ effect တွေအများကြီးနဲ့မပြင်ပဲ natural tone လေးတွေနဲ့ပုံလေးတွေသဘောကျတဲ့သူတွေဆို ကိုကောင်းဆက် လက်ရာကိုတကယ်သဘောကျမှာပါ။
Kyll
ပုံလှလှလေးတွေကတော့ ဓါတ်ပုံဆရာကိုKaung Satနှင့်အဖွဲ့သားတွေပါ ရိုက်ချက်တွေကတော့ လုံးဝ အမိုက်စားပုံလေးတွေကသက်သေပါရှင် တဖွဲ့လုံးသဘောအရမ်းကောင်းတဲ့အပြင် အဖွဲ့သားမောင်လေးတွေဆို
ကြယ်သွားရာပုဝါရှည်ကြီးလိုက်’မ’ရ ပင်ပန်းတာတောင်
တချက်မျက်နှာအပြုံးမပျက်တကယ်တော်ကြပါတယ်
KS photography ကပဲ second Camera Third Camera သမားတွေရဲ့ ရိုက်ချက်တွေကလည်းစိတ်ကျေနပ်စရာပုံတွေတော်တော်စုံပါတယ်
Pose လုံးဝ မပေးတတ်တဲ့ ကိုယ်တိုင်နဲ့ သတို့သားလောင်း အတွက်ကတော့ ကိုကောင်းဆက်က အဆင်အပြေဆုံးပါ။ ကိုယ်တိုင်ဘာမှ စဉ်းစားစရာမလိုအောင်ကို ပုံတိုင်းအတွက် poseကို ကိုကောင်းဆက်ပဲ ပြောပေးသွားတာပါ။ တစ်ဖွဲ့လုံးက သဘောကောင်းပြီး teamwork လည်းအရမ်းကောင်းပါတယ်။ ရိုက်ထားသမျှ ပုံတွေအကုန်လုံးလည်း ၂ ရက်အတွင်းရလို့ ပျော်ခဲ့ရပါတယ်။
Hnin Pwint Khine
ဓာတ်ပုံအတွက်ဒီgroupထဲကနာမည်ကြီး KS Photography ကိုအပ်လိုက်ပါတယ်။ အချိန်အရမ်းတိကျပြီး ပွဲစပွဲဆုံး စိတ်ရှည်ရှည်နဲ့ သေချာရိုက်ပေးပါတယ်။ teamတခုလုံး တက်ညီလက်ညီနဲ့ အားရစရာပါ။ Ko Kaung Sat ရိုက်ပေးတဲ့ပုံလေးတွေ အရမ်းကြိုက် cameraအယူအဆတွေလည်းမိုက်။ ပုံတွေကဒီနေ့ရိုက်ရင် နောကနေ့retouchပြီးသား ချက်ချင်းရလို့ အံ့တောင်ဩတယ်
KS Photography မောင်လေး Kaung Sat ပါ။ ရိုက်တဲ့နေ့မှာလည်း အရမ်းသဘောကောင်းပါတယ်။ pose တွေလည်း သင်ပေးပါတယ် ကိုယ်ကမလုပ်တတ်လို့ စိတ်ရှည် လက်ရှည်ရိုက်ပေးပါတယ်။ amazing အဖြစ်ရဆုံးကတော့ fast service ပါပဲ။ ဒီနေ့ရိုက်ပြီး ၂ ရက်အကြာမှာ photo တွေအကုန်ရော short video ရော ရပါပြီ။ Quality ရော ရိုက်ချက်ရော အရမ်းသဘောကျလို့ အရမ်းကိုကျေနပ်ရပါတယ်။
Moe Myint Thiri
ဓာတ်ဆရာ မောင်လေးတွေကတော့ ကိုယ်တွေပွဲမှာ တကယ့်ကျေးဇူးအတင်ရဆုံးပဲ ပွဲအဆင်မှပြေပါ့မလားလို့ stress တွေများနေတဲ့ ကိုယ်တွေနှစ်ယောက်ကို စလိုက်နောက်လိုက်နဲ့ပြောပေးတော့ သဘာဝကျကျရယ်တဲ့ပုံလေးတွေရတာ စင်ပေါ်က ဆင်းလာတဲ့အချိန်မှာလည်း အကိုနဲ့ အမ ဧည့်သည်ဘယ်နှစ်ဝိုင်းလောက်နဲ့ရိုက်ချင်လဲမေးရော သတို့သားက ညီလေး အကိုဝိုင်းအားလုံးစုံအောင်ရိုက်ချင်တယ် ပြောတာနဲ့တပြိုင်နက် မဆိုင်းမတွဘဲ လာ အကို ရိုက်ကြမယ် ဆိုပြီး ရတဲ့အချိန်လေးအတွင်းအပြေးအလွှား ရိုက်ပေးတာ ကိုယ်တွေကြားဖူးတာတော့ ဟိုတယ် reception လုပ်ရင် ၁၀ဝိုင်းလောက်ပဲ ရိုက်ဖို့ အချိန်ရှိတယ်ပြောတာ အခုတော့ မောင်လေးတွေရဲ့ကျေးဇူးနဲ့ ဧည့်သည်တွေပုံအားလုံးရလိုက်တယ် ပုံထွက်လာတဲ့အခါမှာလည်း သဘောကျလိုက်တာဆိုတာ ကြည့်ပြီး ပြန်ကြည့်ရင်းပဲ
Theingi Mon
တစ်ဘဝလုံးစာအမှတ်တရဖြစ်စေဖို့ အလှဆုံးပုံရိပ်တွေဖန်တီးပေးတဲ့ KS photography ကိုကျေးဇူးတင်ပါတယ်။ ပုံလေးတွေဘယ်လောက်လှလည်းကြည့်တာနဲ့တင်သိ။ moment တွေ snap တွေ ဆိုလဲ သေချာကို ရိုက်ပေးတာ....သတို့သမီး ပူဆာသမျှကို မငြိုငြင်ပဲ စိတ်ရှည် သည်းခံပီး ဆောင်ရွက်ပေးလို့ ကို KS တို့အဖွဲ့ကိုလဲ ကျေးဇူးပါ
Zinwai Myint
Wai ThawTar Phyo
ပထမဆုံးက Photography
ကို KaungSat နဲ့ အဖွဲ့သားများ ပေါ့နော်
တကယ်ကိုအစောကြီးရောက်နေတယ် သူချိန်းတဲ့ချိန် ကိုယ်သွားတာကိုပဲ ကိုယ်မရောက်သေးခင်ရောက်နေရော အဖွဲ့သားတွေကလဲ ခင်ဖို့ကောင်း တက်တက်ကြွကြွနဲ့.ကိုကောင်းဆက်ကလဲ တကယ်ကို ခင်ဖို့ကောင်းချက် စိတ်ထဲစိမ်းမနေဘူး သူငယ်ချင်းတစ်ယောက်လိုရင်းနှီးမှုဖြစ်စေတယ် ပုံတွေကိုလည်း ရိုက်ထားသမျှ ကြည့်လိုက်တိုင်း ပြုံးပြီး အကုန်ကျေနပ်နေရတယ် ကျေးဇူးလဲတင်တယ် 100% Recommend ပါပဲ KS Photography ရယ်
Phyu Hnin Aye
ဓာတ်ပုံက လက်မှတ်ထိုးကတည်းက ရိုက်ခဲ့တဲ့ ကိုကောင်းဆက်နဲ့ပါပဲ ဘုန်းကြီးကျောင်းမှာ နေရာကောင်းကောင်းမရှိတော့ အလှဓာတ်ပုံတွေ နည်းခဲ့ပေမယ့် အကိုရဲ့ snap ပုံလေးတွေကြောင့် တော်တော်ပျော်ပြီး စိတ်ကျေနပ်ခဲ့ရတယ် Snap ဆိုပေမယ့် အရမ်းလှခဲ့တာကို ဓာတ်ပုံတွေကြည့်ရင် သိနိုင်ပါတယ် နောက်ဆို ဓာတ်ပုံရိုက်ရင် KS photography နဲ့ပဲရိုက်တော့မှာပါ
May WathoneOo
Because I'm experienced, reliable, and focused on results, I've had the privilege of working with a host of fantastic clients.